알림마당 Notice

HOME알림마당 Notice공지사항 Notice

၎ လပိုင်း နယ်လှည့်အကြံပေးခြင်းအစီအစဉ်

페이지 정보

조회 1,065회 작성일 21.04.12

본문

ဘူဆန်ရွှေ့ပြောင်းအလုပ်သမားအကူအညီပေးရေးစင်တာ


၎ လပိုင်း နယ်လှည့်အကြံပေးခြင်းအစီအစဉ်

လူစည်ကားရာ နေရာဒေသဖြစ်နေသာ ဆာဆန်းမြို့ လူနေးရှီတေးကုန်တိုက်အရှေ့တွင်

ဘူဆန် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးစင်တာ၏ အလုပ်သမားရေးရာ

အတိုင်ပင်ခံ ဌါနခွဲ ၀န်ထမ်းများမှ အလုပ်သမားအခွင့်အရေးဆိုင်ရာ အကြံပေးခြင်းများကို

ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဘူဆန်ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေး

စင်တာနှင့် ပါတ်သက်သော အချက်အလက်များကို ဝေငှကြမည် ဖြစ်ပါသည် ။

(ကိုရိုနာ ၁၉ ကူးစက်ရောကာ ကာကွယ်နိုင်ရန် ပိုးသတ်လက်ဆေးရည် ပက်ဖြန်းပြီး

စီစဉ်ဆောင်ရွက်ထားပါသဖြင့် စိတ်ချစွာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်)

-   နှာခေါင်းစည်း တပ်ဆင်လာရပါမည်။

-   ကိုယ်အပူချိန် တိုင်းခြင်းကို လက်ခံပေးရပါမည်။

-   လက်ကို ပိုးသတ်ဆေးရည် ဖြန်းပက်ခံရပါမည်။

-   စိတ်ချလုံခြုံသည့် အကွာအဝေးဖြင့် လူချင်းခြားနေရပါမည်။ 

နေရာ – ဆာဆန်းနယ်မြေ ဂွဲဗော့ဗ်လူနေးရှီတေး ကုန်တိုက်အရှေ့


ဘာသာစကားများ – ဗီယက်နမ် ၊ မြန်မာ၊ အင်္ဂလိပ် ၊ ကမ်မောဒီးယား ၊ နီပေါ ၊ ပါကစ္စတန် ၊ ဘင်္ဂလီ ၊ ကိုရီးယား

အကြံရယူနိုင်မည့် အကြောင်းအရာများ – အလုပ်သမားရေး (လုပ်ခ မရရှိမှု ၊ လုပ်ငန်းခွင်ပြောင်းရွှေ့မှု စသဖြင့်)

အလုပ်သမား အခွင့်အရေး ၊ ဥပဒေဆိုင်ရာ ၊ နေထိုင်ခွင့်ဗီဇာဆိုင်ရာ ၊ နေ့စဉ်လူနေမှုဘ၀ဆိုင်ရာများ

လမ်းညွှန် – ဘတ်စ်ကား ၁၁၀ ၊ ၁၂၃ ၊ ၁၂၆ ၊ ၁၃၈-၁ ၊ ၇၇ (လူနေးရှီးတေးမှတ်တိုင်တွင် ဆင်းပါ)

မြေအောက်ရထားဖြင့် – နံပါတ် ၂ လိုင်း ဆာဆန်းဘူတာတွင် ဆင်းပါ (မီတာ ၅၀၀ အကွာတွင်ရှိ)

♦ စုံစမ်းရန် – ဘူဆန်ရွှေ့ပြောင်းအလုပ်သမားကူညီရေးစင်တာ ၀၅၁-၃၀၄-၄၇၂၃

ကြွရောက်ကြဖို့ ဖိတ်ပါသည်♦

နေ့ရက် နှင့် အချိန်

နေ့ရက်   အချိန်   နေရာ

၎ လပိုင်း ၁၈ ရက် (တနင်္ဂနွေနေ့)   နေ့လည် ၂ နာရီ ~ ၅ နာရီ   ဆာဆန်းလူနေးရှီတေးကုန်တိုက်ရှေ့

(ကိုရိုနာ ၁၉ ကူးစက်ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမှတ်တရလက်ဆောင်များ ပေးအပ်ပါမည်) 

댓글목록

등록된 댓글이 없습니다.