한국어English中文Tiếng Việtမြန်မာဘာသာ
 
 
 
 
 
 
 
 
 
 
လုပ်သားအခွင့်အရေး အကြံပေးခြင်း
နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် လူအခွင့်အရေး ချိုးဖောက်ခံရခြင်းမျိုး ကဲ့သို့သော အခက်အခဲများ ကြုံတွေ့ရခြင်းမှာ မတူညီသော ယဉ်ကျေးမှု့နှင့် ဥပဒေ အောက်တွင် နေထိုင်ကြရပြီး အသားကျအောင် နေထိုင်သည့် နည်းလမ်းကို မသိရှိခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်သည်။ ထိုအချက်ကို ဖြေရှင်းပေးကာ နိုင်ငံခြားသား အလုပ်သမားများ ကိုယ်တိုင် ကျော်လွှားသွားနိုင်ရေး အကြံပေးပါသည်။
ကျန်းမာရေး အကြံပေးခြင်း
နိုင်ငံခြားသား အလုပ်သမားများ ဆေးရုံသို့သွားပါက အလုပ်ရှင် (သို့) အလုပ်မှ တာဝန်ရှိသူတို့ကသာ လိုက်လံပို့ဆောင်ပေးကြပါသည်။ ထိုအခါ ဘာသာစကား အခက်အခဲကြောင့် များစွာ အဆင်မပြေဖြစ်ကြရပါသည်။ စင်တာမှ ဘာသာပြန်များက နိုင်ငံခြားသား အလုပ်သမားဖက်မှ ရပ်တည်ကာ ဆေးကုသမှု့ ကောင်းစွာရရှိရေး ဆောင်ရွက်ပေးပါသည်။
နိုင်ငံခြားသား အမျိုးသမီးများအား အကြံပေးခြင်း
ကိုရီးယါးလူမျိုးနှင့် လက်ထပ်သူ အိမ်ထောင်သည်များ၏ နေထိုင်ခွင် ဗီဇာပြသနာ အခက်အခဲများသည် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အနေအထားသို့ ဦးတည်လာနေပြီ ဖြစ်သည်။ ထိုသို့ နိုင်ငံခြားသား အိမ်ထောင်သည်များ မိမိ တစ်ဦးတည်း အနေဖြင့် ဖြေရှင်းရန် ခက်ခဲသော ပြသနာများအား ပြေလည်အောင်ဖြေရှင်းနိုင်ရန် အကြံများ ပေးပါသည်။
အခြားအကြံပေးချက်များ
အလုပ် ၊ ကျန်းမာရေး ၊ ရွှေ့ပြောင်းအမျိုးသမီး နှင့် ယဉ်ကျေးမှု့စုံ မိသားစုများအား အကြံပေးခြင်း အပြင် လူမှု့ဘဝနေထိုင်ရေး ၊ ဥပဒေရေးရာ ၊ ရဲမှု့ခင်း ကိစ္စများ ၊ လူဝင်မှု့ကြီးကြပ်ရေး ၊ ယဉ်ထိခိုက်မှု့ အစရှိသော နိုင်ငံခြားသား အနေအထားဖြင့် ကြုံတွေ့ရနိုင်သော အခက်အခဲများ အားလုံးအတွက် အကြံပေးခြင်းများ ပြုလုပ်ပေး သည်။