한국어English中文Tiếng Việtမြန်မာဘာသာ
 
 
 
 
 
 
 
 
 
 

သင်တန်းလမ်းညွှန်

ကိုရီးယါးနိုင်ငံတွင် နေထိုင်စဉ်အတွင်း အမှန်တစ်ကယ် အသုံးချနိုင်မည့် အမျိုးမျိုးသော ပညာရပ်များကို သင်ကြား ပို့ချပေးပါသည်။ ကိုရီးယါးဘာသာစကား၊ ကွန်ပြူတာ အသုံးချ နည်းပညာ၊ အလုပ်သမားဥပဒေ၊ အသင်းအဖွဲ့လှုပ်ရှားမှု့၊ ခေါင်းဆောင်မှု့အတတ်ပညာ အစရှိ သည်တို့ကို သင်ကြား ပို့ချပေးပါသည်။ ထို့အပြင် လိုအပ်လျှင် လိုအပ်သလို အရေးပေါ် သင် ကြားပို့ချပေးသော အထူးသင်တန်းများကိုလည်း ဖွင့်လှစ်သွားရန် ပြင်ဆင်လျှက်ရှိပါသည်။

ကိုရီးယါးဘာသာသင်တန်း


၁။ လမ်းညွှန်
ကိုရီးယါးဘာသာစကားကို သင်ကြားတတ်မြောက်ပြီးနောက် မိမိပြောကြားလိုသော အဓိပ္ပါယ်ကို ရှင်းလင်းပြတ်သားစွာ ပြောကြားနိုင်ရေး နှင့် လိုအပ်သော သတင်း အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရည်ရွယ်ပါသည်။ သင်တန်းကို တန်းခွဲများဖြင့် လယ်ဘယ်အဆင့်အလိုက် သင်ကြားပို့ချပေးနေပါသည်။ ကိုရီးယါးလယ်ဘယ်တက်စ် စာမေးပွဲများလည်း ဖြေဆိုနိုင်ရန် စီစဉ်းပေးပါသည

ကွန်ပြူတာသင်တန်း

၁။ လမ်းညွှန်
ကွန်ပြူတာ အသုံးချနည်းပညာများအား သင်ကြားပေးပါသည်။ အင်တာနက် အသုံးပြု၍ မိမိနိုင်ငံတွင် ကျန်ရစ်သည့် မိသားစုများနှင့် ဆက်သွယ်နိုင်ရေး အင်တာနက်မှ တစ်ဆင့် သတင်းအချက်အလက်များ

 

အလုပ်သမားဥပဒေသင်တန်း

၁။ လမ်းညွှန်
အလုပ်သမားဥပဒေသင်တန်းသည် နိုင်ငံခြားသားအလုပ်သမားများအား အမြင် ကျယ်စေကာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု့မှ ကာကွယ်နိုင်စေရန် ရည်ရွယ်ပါသည်။ လုပ်ငန်းခွင်အတွင်း ကြုံတွေရနိုင်သော အခက်အခဲများနှင့် သိသင်သိထိုက်သော ဥပဒေအချက်အလက်များကို ရှင်းလင်းပြတ်သားစွာ သင်ကြား ပေးပါသည်။ နိုင်ငံခြားသား အလုပ်သမား အကြံပေးများနှင့် အလုပ်သမားရှေ့နေတို့မှ လုပ်အားခ၊ ထိခိုက်မှု့အာမခံ၊ အလုပ်စာချုပ်၊ အခြေခံအလုပ်သမားဥပေဒေ၊ ထိခိုက်မှု့ လျှော်ကြေးငွေ ၊ လုပ်သားငှားရမ်းမှု့စနစ် စသည့်ပညာပေး အစီအစဉ်များ ပါရှိပါသည်။

 

ခေါင်းဆောင်မှု့သင်တန်း

၁။ လမ်းညွှန်
မိမိ၏ စွမ်းရည်ကို အခွင့်အရေးအဖြစ် အသုံးချကာ လူမျိုးတူ အသင်းအဖွဲ့များ ၊ နယ်မြေအလိုက် အသင်းအဖွဲ့များ၏ ဦးဆောင်လှုပ်ရှားသူများကို ရွှေးချယ်ကာ ခေါင်းဆောင်မှု့ အရည်အချင်းကို မြှင့်တင်ပေးသော သင်တန်းဖြစ်ပါသည်။ ထို့အပြင် ကိုရီးယါးလူ့အဖွဲ့အစည်းအပေါ် နားလည်နိုင်မှု့ ၊ တည်ဆဲဥပဒေများ အကြောင်း နှင့် လူ့အခွင့်အရေး ကဏ္ဏများအတွက်လည်း သင်ကြားပို့ချရန် ပြင်ဆင်ထားပါသည်။

 

နိုင်ငံပြန်ရန်ပြင်ဆင်မှု့သင်တန်း

၁။ လမ်းညွှန် နိုင်ငံခြားသား အလုပ်သမားများ မိမိတို့နိုင်ငံသို့ ပြန်လည်ထွက်ခွါမသွားခင် နိုင်ငံပြန်ရန် ပြင်ဆင်ခြင်းများအတွက် ၂၀၁၃ ခုနှစ်မှ စတင်၍ ပို့ချပေးသွားမည် ဖြစ်ပါသည်။