한국어English中文Tiếng Việtမြန်မာဘာသာ
 
 
 
 
 
 
 
 
 
 

နိုင်ငံစုံ စာကြည့်တိုက်

ယဉ်ကျေးမှု့စုံ စာကြည့်တိုက်သို့ မည်သူမဆို လွတ်လပ်စွာ လာရောက်လည်ပါတ် အသုံးပြုနိုင် ပါသည်။ ရွှေ့ပြောင်းအိမ်ထောင်သည်များနှင့် နိုင်ငံခြားသားအလုက်သမားများ၏ နားခိုရာ၊ နိုင်ငံခြားသားနှင့် ကိုရီယါးလူမျိုးများ အပြန်အလှန် ယဉ်ကျေးမှု့ချင်း ဖလှယ်ကာ ကလေးငယ်များ စာအုပ်မှ တစ်ဆင့် မိခင်၏နိုင်ငံ ဖခင်၏နိုင်ငံအား လေ့လာသိရှိနိုင်သော နေရာတစ်ခုအဖြစ် ဖန်တီးထားပါ သည်။

ယဉ်ကျေးမှု့စုံ အကြံပေးရေး သင်တန်း

အီဂျူမင်းဂွါဟမ်းကဲသည် ၂၀၀၃ခုနှစ်မှ စတင်၍ ယဉ်ကျေးမှု့စုံမိသားစုများအား အကြံပေးခြင်း ကိုစတင်ခဲ့ပါသည်။ အများစုမှာ ဗီယက်နမ် ၊ တရုပ်လူမျိုးများ၏ မိသားစုတွင်း အနိုင်ကျင့်ခံသော ပြသနာများ ဖြစ်ကြပါသည်။ အနိုင်ကျင့်ခံရမှု့များ ဖြစ်ပေါ်ပါက နစ်နာသူကိုသာ အကူအညီပေးခြင်းမျိုး မဟုတ်ပဲ အနိုင်ကျင့် မှု့များ ထပ်မံမဖြစ်ပွါးစေရန်နှင့် ယဉ်ကျေးမှု့စုံမိသားစုအတွင်း အပြန်အလှန် နားလည်မှု့များ ရရှိ စေရေး ရည်ရွယ်ကာ ၂၀၀၅ခုနှစ်တွင် (အောအူးလင်မ်) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် (အာရှငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အဖွဲ့) နှင့် (ယဉ်ကျေးမှု့စုံပညာပေးရေး စင်တာ) တို့ ပူးပေါင်းကာ ယဉ်ကျေးမှု့စုံ အကြံပေးရေး အစီအစဉ်အတွက် မူလတန်းကျောင်း များ နှင့် လူထု့အသင်းအဖွဲ့များအား ဟောပြောစည်းရုံးခြင်းများ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံခြားသား အမျိုးသမီးများအား ယဉ်ကျေးမှူ့စုံ သင်တန်းဆရာများအနေဖြင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု့ အကြောင်း သင်ကြားပြသစေခြင်းမှာ ကလေးသူငယ်များအား ယဉ်ကျေးမှူ့စုံညီ အသိအား တိုးတက်စေရုံသာ မကပဲ နိုင်ငံခြားသား အမျိုးသမီးများအား အနိုင်ကျင့်ခံနေရသူ အဖြစ်မှ ယဉ်ကျေးမှု့ကို ကိုယ်စားပြုသူအဖြစ်သို့ ရှူ့မြင်နိုင်စေရန် အခြေခံကောင်းများ ဖြစ်ပေါ်စေပါ သည်။ အဆိုပါ သင်တန်းဆရာများ (နိုင်ငံခြားသားအမျိုးသမီးများ) သည် ယဉ်ကျေးမှု့ကြောင့် အပြန်အလှန် အထင်အမြင်လွဲမှု့ကြောင့် ကွာရှင်းပြတ်ဆဲကြရန် တာဆူနေသော အမျိုးသမီး များနှင့် ကိုရီးယါး ခင်ပွန်းသည်တို့အား အကြံကောင်းများ ပေးကာ ဆုံးဖြတ်ချက်ကောင်းများကို ထွက်ပေါ်စေပါသည်။