한국어English中文Tiếng Việtမြန်မာဘာသာ
 
 
 
 
 
 
 
 
 
 
 
 
 

နိုင်ငံခြားသားအလုပ်သမားများနှင့် အတူ

ိုင်ငံခြားသားအလုပ်သမားများ၏ လူ့အခွင့်အရေးနှင့် စုံညီယဉ်ကျေးမှု့အား နားလည် လက်ခံ နိုင်ရေး ဆောင်ရွက်ရန်အတွက် လုပ်အားပေးများ လိုအပ်ပါသည်။ အချိန် ၊ စွမ်းအား ၊ နှလုံးသား ဖြင့် အတူပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါသည်။

 

အတူပူးပေါင်းဆောင်ရွက်နိုင်ပါသည်

၁။ လု့အခွင့်အရေး အကြံပေး

စင်တာတွင် နိုင်ငံခြားသားအလုပ်သမားမှ မဟုတ်ပဲ အိမ်ထောင်သည်များ၏ လစာမရရှိမှု့ ၊ လုပ်ငန်းခွင် ထိခိုက်မှု့ ၊ အလုပ်ကိစ္စ၊ နေထိုင်ခွင့် ၊ အင်မီင်္ဂရေးရှင်းနှင့် ပါတ်သက်သော ကိစ္စများ၊ အနိုင်ကျင့်ခံရမှု့ ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု့ စသော အာကြံပေးမှု့များ များပြားစွာ ရှိပါသည်။ အကြံပေးခြင်းအတွက် အလုပ်သမားဥပဒေကို နားလည်ရန်နှင့် နိုင်ငံခြားသား အလုပ်သမားများ၏ ပေါ်လဆီကို သိရှီရန်လိုအပ်ပါသည်။ ရှေ့နေ ၊ အလုပ်သမားရှေ့နေ စသော ပဂ္ဂိုလ်များ ရှိပါက ဥပဒေရေးရာ ၊ အကြံပေးခြင်းများ အတွက် သင်ကြားပို့ချပေးနိုင်ပါသည် ။

၂။ ကိုရီးယါးဘာသာစကား သင်တန်း နှင့် ယဉ်ကျေးမှု့ သင်တန်း

ယဉ်ကျေးမှု့နှင့် ဘာသာစကား မတူညီသော နိုင်ငံခြားသားအလုပ်သမားများအား ကိုရီးယါး ဘာသာစကားကို တတ်ကျွမ်းစေခြင်းသည် ကိုရီးယါးတွင် နေထိုင်ရေးအတွက် များစွာ အရေးကြီး ပါသည်။ သင်ကြားခြင်းတွင် ကျွမ်းကျင်မှု့ထက် စေတနာကို ရှေ့တန်းတင်ရသော ဆောင်ရွက်မှု့ ဖြစ်ပါသည်။

၃။ ယဉ်ကျေးမှု့စုံ စာကြည့်တိုက်
စင်တာအတွင်းရှိ ယဉ်ကျေးမှု့စုံ စာကြည့်တိုက်တွင် သက်တောင့်သက်သာ အသုံးပြုနိုင်ရေး အတွက် စာကြည့်တိုက်နှင့် ပါတ်သက်သောလုပ်ငန်းများအား လုပ်ကိုင်ရန် လုပ်အားပေးများ လိုအပ်ပါသည် ။

၎။ ကွန်ပြူတာနည်းပညာ သင်တန်းနှင့် ထိန်းသိမ်းခြင်း
နိုင်ငံခြားသား အလုပ်သမားများအတွက် တနင်္ဂနွေနေ့ နှင့် အိမ်ထောင်သည် နိုင်ငံခြားသားများ အတွက် ကြားရက်များတွင် ကွန်ပြူတာသင်ကြားပေးရန် ဆရာလိုအပ်ပါသည်။ ထို့အပြင် ဟုမ်းပေ့ခ်ျ နှင့် ကွန်ပြူတာပြင်ဆင်ခြင်းများလည်း ဆောင်ရွက်နိုင်ပါသည်။

၅။ စကားပြန်ဆိုခြင်း နှင့် ဘာသာပြန်ဆိုခြင်း
ဗီယက်နမ် ၊ တရုပ် ၊ အင်ဒိုနေးရှား စသော အာရှနိုင်ငံများ၏ ဘာသာစကားကို တတ်ကျွမ်းသူများ လူ့အခွင့်အရေး အကြံပေးခြင်း ၊ သတင်းစာ (ဂျာနယ်) ထုတ်ဝေခြင်း ၊ အသင်းအဖွဲ့များကို ကူညီ ခြင်း စသော ကိစ္စများအား ဆောင်ရွက်နိုင်ပါသည်။

၆။ နိုင်ငံခြားသား အသင်းအဖွဲ့များကို အင်အားဖြည့်ကူညီခြင်း
နိုင်ငံခြားသား အသင်းအဖွဲ့များ၏ အသင်းဝင်များအချင်းချင်း ရိုင်းပင်းကူညီကာ ရိုးရာယဉ်ကျေးမှု့ကို ဖော်ဆောင်ကြရာတွင် အားဖြည့်ကူညီနိုင်ပါသည်။

၇။ ဓါတ်ပုံ / ဗီဒီယို
ပွဲတော်များ ၊ အသင်းအဖွဲ့ လှုပ်ရှားမှု့များတွင် ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ကူးပေးနိုင်ပါသည်။ ဓါတ်ပုံ ပြပွဲများ ပြသနိုင်ရန် ပြင်ဆင်ကူညီခြင်းများလည်း ဆောင်ရွက်နိုင်ပါသည်။

၈။ ဂဲသုံးအီအဖွဲ့ (ခွေးချေး အဖွဲ့)
"ခွေးချေးကို ဆေးဖော်တဲ့နေရာမှာ သုံးလိုက်ရင် ရှိမှာ မဟုတ်တော့" ဆိုတဲ့ စကားပုံ အတိုင်း ခွေးချေးအဖွဲ့သည် သတင်းထုတ်ပြန်ခြင်း ၊ စင်တာသန့်ရှင်းရေး ၊ ပွဲတော်ကျင်းပရေး ကူညီခြင်း ၊ စသော ကိစ္စများတွင် လိုအပ်လျှင်လိုအပ်သလို ပါဝင်ဆောင်ရွက်နိုင်ပါသည်။

ပူးပေါင်းဆောင်ရွက်ပုံလမ်းညွှန်


ဟုမ်းပေ့ခ်ျမှ လျှောက်ထားပုံ : ဟုမ်းပေ့ခ်ျရှိ "လျှောက်ထားခြင်း" သို့မဟုတ် ဘယ်ဖက်ရှိ "လုပ်အားပေးလျှောက်ထားခြင်း" ခလုပ်အားနှိပ်ပါ ။ - ကိုယ်တိုင်လာရောက်ပါက = စင်တာသို့ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည်။ - ဖုန်းဖြင့်လျှောက်ထားခြင်း = ၀၅၁ - ၃၀၄ - ၄၇၄၇ ကို ဆက်သွယ်ပါ ။