ကျနော်များ ဘူဆန် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးစင်တာမှ
ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့်
အခွင့်အရေး ရပိုင်ခွင့်များ တိုးတက်ရရှိစေရန် ရည်ရွယ်ချက်ဖြင့်
နယ်လှည့်အကြံပေးခြင်း အစီအစဉ်ကို ဆောင်ရွက်လျှက်ရှိပါသည်။
နေ့ရက် - ဧပြီလ ၁ ရက်နေ့
အချိန် – နေ့လယ် ၂ နာရီမှ ၅ နာရီအထိ
နေရာ - ဆာဆန်း လူနေးရှီးတေး အရှေ့ကွင်းပြင် (ဆာဆန်းဂူ ဂွဲဘုတ်ဒုံး)
ဘာသာစကားများ – တရုပ် ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ အင်္ဂလိပ် ၊ ကမ်မောဒီယား ၊ ကိုရီးယား
အကြံရယူနိုင်မည့် အကြောင်းအရာများ – လုပ်ခမရရှိမှု ၊ လုပ်ငန်းခွင်ပြောင်းရွှေ့မှု ၊
အလုပ်သမား အခွင့်အရေး ၊ ဥပဒေဆိုင်ရာ ၊ နေထိုင်ခွင့်ဗီဇာဆိုင်ရာ ၊ ကျန်းမာရေးဆိုင်ရာ
နေ့စဉ်လူနေမှုဘ၀ဆိုင်ရာများ။
ပူးတွဲကျင်းပမည့် ပွဲတော် - စတုထ္ထအကြိမ်မြောက် နေ့စဉ်ဘဝအသုံးအဆောင်များ မျှဝေခြင်းပွဲတော်
လမ်းညွှန် -
၁) ကားနံပါတ် ၁၁၀၊ ၁၂၃၊ ၁၂၆၊ ၁၃၈-၁၊ ၇၇ စီး၍ လူနေးရှီတေးမှတ်တိုင်တွင် ဆင်းပါ
၂) မိုးပျံရထား - ဂွဲဘုတ်လူနေးရှီတေး ဘူတာတွင် ဆင်းပါ
၃) မြေအောက်ရထား ) လိုင်းနံပါတ် ၂ စီး၍ ဆာဆန်းဘူတာတွင်ဆင်းပါ (မီတာ ၅၀၀ ခန့်)
ဆက်သွယ်ရန် - ဘူဆန်ရွှေ့ပြောင်းအလုပ်သမားကူညီရေးစင်တာ ၀၅၁ - ၃၀၄ - ၄၇၂၂