알림마당 Notice

HOME알림마당 Notice공지사항 Notice

၂၀၁၇.၆.၁၈ – အခမဲ့ ကျန်းမာရေး စစ်ဆေးခြင်း ၀န်ဆောင်မှု အစီအစဉ်

페이지 정보

조회 1,141회 작성일 17.06.13

본문

အခမဲ့ ကျန်းမာရေး စစ်ဆေးခြင်း ၀န်ဆောင်မှု – အစီအစဉ်


လူကြီးမင်းတို့၏ ကျန်းမာရေကို ကူညီစောင့်ရှောက်ပေးပါရစေ ။


ဖူဆန်မြို့ ၊ ဆာဆန်းမြိ့နယ် ဒေသဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဌါနတွင် အကြောင်းကြောင်း တို့ကြောင့်


ဆေးရုံဆေးခန်းများသို့ မသွားရောက်နိုင်ကြသော ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ၊


ယဉ်ကျေးမှုစုံညီ အိမ်ထောင်သည် မိသားစုများ အတွက် `အခမဲ့ ကျန်းမာရေး စစ်ဆေးကုသပေးခြင်း´အား


အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။


ရောဂါစစ်ဆေးရှာဖွေပေးခြင်း နှင့် ကာကွယ်ကုသပေးခြင်းများကိုပါ ဆက်လက်ဆောင်ရွက်ပေးသွားမည်


ဖြစ်ပါသောကြောင့် မိမိတို့၏ ကျန်းမာရေးအတွက် အထူးအလေးထားကာ လာရောက်ကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။


နေ့ရက် – ၂၀၁၇ ခုနှစ် ၆ လပိုင်း ၁၈ ရက် (တနင်္ဂနွေနေ့) နံနက် ၉း ၃၀ မှ ၁၂း ၃၀ ထိ ။


နေရာ – ဆာဆန်းမြို့နယ် ဒေသဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဌါန ဒုတိယထပ်


စစ်ဆေးမည့် အမျိုးအစား – ၀မ်းဗိုက်အတွင်းပိုင်း ၊ သွားခံတွင်း ၊ မီးယပ်သားဖွား ၊ ကလေးအထူးကု ၊ တိုင်းရင်းဆေး ၊ အရိုးအကျောဆိုင်ရာ ။


(ကာယကံရှင်မှ တောင်းဆိုပါက အဆုပ် (တီဘီ) ရောဂါ အတွက်ပါ ဓါတ်မှန်ရိုက် စစ်ဆေးပေးသည်)


စုံစမ်းရန် – 051-304-4725 (BFC) , 051-310-4791 ~ 4 (မြို့နယ်ကျန်းမာရေးဌါန)

댓글목록

등록된 댓글이 없습니다.