알림마당 Notice

HOME알림마당 Notice공지사항 Notice

နယ်လှည့်အကြံပေးခြင်းအစီအစဉ် (ဧပြီလ ၁ရက်)

페이지 정보

조회 1,359회 작성일 18.03.26

본문

ကျနော်များ ဘူဆန် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးစင်တာမှ

ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့်

အခွင့်အရေး ရပိုင်ခွင့်များ တိုးတက်ရရှိစေရန် ရည်ရွယ်ချက်ဖြင့်

နယ်လှည့်အကြံပေးခြင်း အစီအစဉ်ကို ဆောင်ရွက်လျှက်ရှိပါသည်။

နေ့ရက် - ဧပြီလ ၁ ရက်နေ့  

အချိန် – နေ့လယ် ၂ နာရီမှ ၅ နာရီအထိ

နေရာ - ဆာဆန်း လူနေးရှီးတေး အရှေ့ကွင်းပြင် (ဆာဆန်းဂူ ဂွဲဘုတ်ဒုံး)

ဘာသာစကားများ – တရုပ် ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ အင်္ဂလိပ် ၊ ကမ်မောဒီယား ၊ ကိုရီးယား

အကြံရယူနိုင်မည့် အကြောင်းအရာများ – လုပ်ခမရရှိမှု ၊ လုပ်ငန်းခွင်ပြောင်းရွှေ့မှု ၊

အလုပ်သမား အခွင့်အရေး ၊ ဥပဒေဆိုင်ရာ ၊ နေထိုင်ခွင့်ဗီဇာဆိုင်ရာ ၊ ကျန်းမာရေးဆိုင်ရာ

နေ့စဉ်လူနေမှုဘ၀ဆိုင်ရာများ။

ပူးတွဲကျင်းပမည့် ပွဲတော် - စတုထ္ထအကြိမ်မြောက် နေ့စဉ်ဘဝအသုံးအဆောင်များ မျှဝေခြင်းပွဲတော်

လမ်းညွှန် -

၁) ကားနံပါတ် ၁၁၀၊ ၁၂၃၊ ၁၂၆၊ ၁၃၈-၁၊ ၇၇ စီး၍ လူနေးရှီတေးမှတ်တိုင်တွင် ဆင်းပါ

၂) မိုးပျံရထား - ဂွဲဘုတ်လူနေးရှီတေး ဘူတာတွင် ဆင်းပါ

၃) မြေအောက်ရထား ) လိုင်းနံပါတ် ၂ စီး၍ ဆာဆန်းဘူတာတွင်ဆင်းပါ (မီတာ ၅၀၀ ခန့်)

ဆက်သွယ်ရန် - ဘူဆန်ရွှေ့ပြောင်းအလုပ်သမားကူညီရေးစင်တာ ၀၅၁ - ၃၀၄ - ၄၇၂၂

댓글목록

등록된 댓글이 없습니다.