알림마당 Notice

HOME알림마당 Notice공지사항 Notice

၂၀၁၉ ခုနှစ် ၆ လပိုင်း ၉ ရက် - ဆာဆန်း ကျန်းမာရေးဌါန အခမဲ့ ဆေးကုသ စစ်ဆေး…

페이지 정보

조회 963회 작성일 19.05.22

본문

၂၀၁၉ ခုနှစ် ၆ လပိုင်း ၉ ရက် - ဆာဆန်း ကျန်းမာရေးဌါန အခမဲ့ ဆေးကုသ စစ်ဆေးပေးခြင်း

ဆာဆန်းမြို့နယ် ဆရာဝန်များအသင်း ၊ သွားဆရာဝန်များအသင်း ၊ တိုင်းရင်းဆေးဆရာများအသင်း ၊ အမျိုးသား ကျန်းမာရေး အာမခံဌါန

ဆာဆန်းနယ်မြေတို့နှင့် အတူပူးပေါင်းဆောင်ရွက်သော ..

(အခမဲ့ ဆေးကုသ စစ်ဆေးပေးသည့်နေ့ ) လှုပ်ရှားမှု

 ဆာဆန်းမြို့နယ် ကျန်းမာရေးဌါနတွင် ရောဂါအမျိုးအစားအလိုက် ကနဦး ရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်း

အားဖြင့် အများပြည်သူတို့၏ ကျန်းမာရေး တိုးတက်ကောင်းမွန်ကာ လူမှုဘဝ သာယာလှပစေရေးအတွက်

(အခမဲ့ ဆေးကုသ စစ်ဆေးပေးသည့်နေ့) အား အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်ကြမည် ဖြစ်ပါသည်။

 နေ့ရက် - ၂၀၁၉. ၆. ၉. (တနင်္ဂနွေ) ၉ နာရီ ခွဲ ~ ၁၂ နာရီ ခွဲ

 နေရာ - ဆာဆန်းမြို့နယ် ကျန်းမာရေးဌါန

 ဆေးကုသခွင့်ရှိသူများ - ရွှေ့ပြောင်းအလုပ်သမားများ ၊ ရွှေ့ပြောင်းမိသားစုများ ၊ နယ်မြေခံ ပြည်သူများ

 ပါဝင်ကြမည့် အဖွဲ့အစည်းများ - ဆာဆန်းမြို့နယ် ဆရာဝန်များအသင်း - သွားဆရာဝန်များအသင်း -

တိုင်းရင်းဆေးဆရာများအသင်း - ဆေးဖက်ကျွမ်းကျင်သူများအသင်း - အမျိုးသားကျန်းမာရေးအာမခံဌါန ဆာဆန်းနယ်မြေ

❍ ဆေးဌါနများ - ကိုယ်တွင်းပိုင်း ၊ သွားနှင့်ခံတွင်း ၊ မိသားစုလိုက် ကုသရေး (ကလေးရောဂါကုသရေး) ၊ တိုင်းရင်းဆေး ၊ အရိုးအဆစ်

❍ ကုသနည်း - ရောဂါအလိုက် ကျွမ်းကျင်သူ ဆရာဝန်များမှ စစ်ဆေးခြင်း ရောဂါ ရှာဖွေပေးခြင်းနှင့် ဆေးဝါး လမ်းညွှန်ပေးခြင်း

 စာရင်းပေးသွင်းရန် နည်းလမ်း - အဆိုပါနေ့တွင် ကျန်းမာရေးဌါနသို့ ကိုယ်တိုင်လာရောက် စာရင်းသွင်းရန်

 ယူဆောင်လာရန် - ကျန်းမာရေး အာမခံကဒ် (သို့) မှတ်ပုံတင်

 ကုန်ကျစရိတ် - အားလုံး အခမဲ့ ဖြစ်ပါသည်

အဆိုပါနေ့တွင် အခမဲ့ သွေးစစ်မှုလည်း ပြုလုပ်ပေးမည်ဖြစ်ပါသည်။ (ကြိုတင်စာရင်းသွင်းရန် ၊ ဦးရာလူစနစ်)

သွေးစစ်ဆေးမှု ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

      - အသည်းရောင် ဘီပိုး (ရောဂါဖြစ်စေတတ်သော ပိုး)

      - AIDS (ခုခံအားကျဆင်းမှုရောဂါ)

      - အသည်း၏ လုပ်ဆောင်နိုင်မှု စစ်ဆေးခြင်း (SGOT, SGPT, r-GTP)

      - သွေးချိုဆီးချို စစ်ဆေးခြင်း

      - LIPID ပါဝင်မှု ပမာဏ စစ်ဆေးခြင်း (TG)

      - ကိုလက်စထရော ပမာဏ စစ်ဆေးခြင်း

      - သွေးနီဥတွင် အောက်ဆီဂျင် သယ်ဆောင်ပေးသော ဟေမိုဂလိုဘင် (Hb)

 စုံစမ်းရန် -  ၃၁၀-၄၇၉၁~၎

 ဆေးကုသ စစ်ဆေးပေးမည့် ဆာဆန်းမြို့ကျန်းမာရေးဌါန လမ်းညွှန်

 

map(사상구보건소)

 

댓글목록

등록된 댓글이 없습니다.