알림마당 Notice

HOME알림마당 Notice공지사항 Notice

၂၀၁၉-၀၇-၁၆ မှ စတင်၍ အလုပ်ခွင်တွင်း အနိုင်ထက်ပြုကျင့်မှု ကာကွယ်ရေး ဥပဒေ…

페이지 정보

조회 987회 작성일 19.06.26

본문

၂၀၁၉-၀၇-၁၆ မှ စတင်၍ အလုပ်ခွင်တွင်း အနိုင်ထက်ပြုကျင့်မှု ကာကွယ်ရေး ဥပဒေအား

ပြဌါန်းကျင့်သုံးသွားမည်ဖြစ်သည်။

အနိုင်ထက်ပြုကျင့်ခြင်း -

လုပ်ငန်းခွင်အတွင်း ရာထူးအဆင့် (သို့) ပါတ်သက်မှု အစရှိသည်တို့အားဖြင့် အခွင့်ပါဝါကို

အသုံးပြုကာ တာဝန်ဝတ္တရားကိစ္စကို ကျော်လွန်ပြီး ကိုယ်ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတို့အား

နာကျင် ခံစားရအောင် ပြုလုပ်ခြင်းဖြစ်စေ ၊ လုပ်ငန်းခွင် အခြေအနေအား ဆိုးရွားအောင်

လုပ်ဆောင်သည့် အပြုအမူ။

-လုပ်ငန်းခွင်တွင်း အနိုင်ထက်ပြုကျင့်ခံရပါက ချက်ခြင်း စုံစမ်းစစ်ဆေး၍ အရေးယူခြင်း

-အလုပ်ခွင်စည်းမျဉ်းတွင် ကာကွယ်တားဆီးရေးနှင့် ဖြစ်ပွားပါက စုံစမ်းဖော်ထုတ်ရေးတို့အား

မဖြစ်မနေ ထည့်သွင်းပြဌါန်းရမည်။ (ဖောက်ဖျက်ပါက ဝမ် သိန်း ၅၀ အောက် ဒါဏ်ငွေ)

-အမှန်တကယ် ဖြစ်ပွားခဲ့မှုအတွက် တိုင်ကြားသည် ၊ တောင်းဆိုသည်ဟု အကြောင်းပြကာ

အလုပ်သမားအား အနှောက်အယှက် အဟန့်အတား မပြုလုပ်ရ

(ဖောက်ဖျက်ပါက ရာဇဝတ်မှုပုဒ်မဖြင့် ၃ နှစ်အောက် ထောင်ဒါဏ် (သို့)

ဝမ် သိန်း ၃၀၀ အောက် ငွေဒါဏ် ကျခံရမည်)

댓글목록

등록된 댓글이 없습니다.