부산외국인주민지원센터 주메뉴
전체메뉴
조회 264
2021-10-25 15:37
ဘူဆန်ရွှေ့ပြောင်းနေထိုင်သူများထောက်ပံ့ရေးစင်တာ နယ်လှည့်အကြံပေးခြင်း အစီအစဉ်
ကိုရိုနာ ၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရန် ပိုးသတ်လက်ဆေးရည်ဖြင့် သန့်ရှင်းပြီးနောက်
တိုင်ပင်ဆွေးနွေးရန်စီစဉ်ဆောင်ရွက်ထားပါသဖြင့် စိတ်ချစွာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
လာရောက်ကြသူများအနေဖြင့်လည်း အောက်ပါအချက်များကို သတိထား လိုက်နာကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။
♥ နှာခေါင်းစည်း တပ်ဆင်လာရပါမည်။ ကိုယ်အပူချိန် တိုင်းခြင်းကို လက်ခံပေးရပါမည်။
လက်ကို ပိုးသတ်ဆေးရည် ဖြန်းပက်ခံရပါမည်
♥ စိတ်ချလုံခြုံရသည့် အကွာအဝေးဖြင့် လူချင်းခြားနေရပါမည်။
နယ်လှည့်အကြံပေးခြင်း အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နေ့ရက် အချိန် - ၂၀၂၁.၁၁.၇ (တနင်္ဂနွေ) နေ့လယ် ၂ နာရီမှ ၅ နာရီ
နေရာ - ဆာဆန်းလူနေးရှီတေးကုန်တိုက်ရှေ့ (ဆာဆန်းဂူ ဂွဲဘို့ဗ်ဒုံး)
အစီအစဉ် - ကိုရိုနာ ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ သတင်းအချက်အလက်မျှဝေခြင်း
ကိုရိုနာ ၁၉ ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများနှင့် ဘာသာပြန်ဆိုထားသော ကာကွယ်နည်းစနစ်များ မျှဝေခြင်း
ဘာသာစကား - ဗီယက်နမ်၊ မြန်မာ၊ အင်္ဂလိပ်၊ ကမ်မောဒီးယား၊ နီပေါ၊ ပါကစ္စတန်၊ ကိုရီးယား
ရွှေ့ပြောင်းနေထိုင်သူများ မည်သူမဆို လာရောက်နိုင်ပါသည်။
လမ်းညွှန် – ဘတ်စ်ကား ၁၁၀ ၊ ၁၂၃ ၊ ၁၂၆ ၊ ၁၃၈-၁ ၊ ၇၇ (လူနေးရှီးတေးမှတ်တိုင်တွင် ဆင်းပါ)
မြေအောက်ရထားဖြင့် – နံပါတ် ၂ လိုင်း ဆာဆန်းဘူတာတွင် ဆင်းပါ (မီတာ ၅၀၀ အကွာတွင်ရှိ)
♦ စုံစမ်းရန် – ဘူဆန်ရွှေ့ပြောင်းနေထိုင်သူများထောက်ပံ့ရေးစင်တာ ၀၅၁-၃၀၄-၄၇၂၃