부산외국인주민지원센터 주메뉴
전체메뉴
조회 270
2022-10-12 10:54
ဘူဆန်ရွှေ့ပြောင်းနေထိုင်သူများပံ့ပိုးရေးစင်တာသည်
ရွှေ့ပြောင်းအလုပ်သမားများ၏
အခက်အခဲများကို
ဖြေရှင်းရန်နှင့် အခွင့်အရေးအကျိုးစီးပွားများကို မြှင့်တင်ရန် လစဉ်
တတိယမြောက် တနင်္ဂနွေနေ့ တွင် နယ်လှည့်အကြံပေးခြင်းကို
ဆောင်ရွက်ပေးနေပါသည်။
<Corona 19 ကာကွယ်ရန်အတွက် ဆွေးနွေးရန် လာရောက်သောအခါတွင်၊
နှာခေါင်းစည်းများ
အသုံးပြုပြီး သင်၏ လက်ကိုဆေးကြောပြီးနောက် တိုင်ပင်
ဆွေးနွေးမှုပြုလုပ်ပါမည်။>
နယ်လှည့် တိုင်ပင်ဆွေးနွေးမှု အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ရက်စွဲနှင့်အချိန်
၂၀၂၂ခုနှစ် ၁၀လပိုင်း ၁၆ရက် (တနင်္ဂနွေ) ၂ နာရီ ~ ၅ နာရီ
နေရာ- ဆာဆန် လူနေးရှီတေးကုန်တိုက်အရှေ့
ကွင်းပြင်
တိုင်ပင်ဆွေးနွေးခြင်း အကြောင်းအရာများ- အလုပ်သမားရေးရာ(လုပ်အားခကြွေးကျန်၊
ကုမ္ပဏီ နေရာပြောင်းရွှေ့ရေး၊ လုပ်ငန်းခွင် အခြေအနေ စသည်) / ဥပဒေဆိုင်ရာ /
ဆေးဘက်ဆိုင်ရာ / တည်းခိုခြင်းနှင့် နေထိုင်မှုဗီဇာကိစ္စ
စသည်တို့။
*COVID-19 ဆိုင်ရာ ကာကွယ်ရေးပစ္စည်းများ <မိမိကိုယ်မိမိ ရောဂါရှာဖွေရေးကိရိယာ
+ မျက်နှာဖုံး> နှင့် နိုင်ငံအလိုက် ဘာသာပြန်ဆိုထားသော quarantine စည်းမျဉ်းများကို
အခမဲ့ဖြန့်ဝေပေးပါမည်။
ဘာသာစကားများ- ဗီယက်နမ်၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ကမ္ဘောဒီးယား၊ နီပေါ၊
ပါကစ္စတန်၊ ကိုးရီးယား
တိုင်ပင်ဆွေးနွေးနိုင်သူများ- ရွှေ့ပြောင်းနေထိုင်သူများ
လမ်းညွှန်ချက်များ-
၁)။ ဘတ်စ်ကား-
110၊ 123၊ 126၊ 138-1၊ 77 (လူနေးရှီတေးမှတ်တိုင် ဆင်းပါ)
၂)။ ရထားဖြင့်- Gwabeop Renesite ဘူတာတွင် ဆင်းပါ။
၃)။ မြေအောက်ရထား- မြေအောက်ရထားလိုင်း 2 ရှိ Sasang ဘူတာ (500M)
♦စုံစမ်းမေးမြန်းမှုရန်-
Busan ရွှေ့ပြောင်းနေထိုင်သူများ ပံ့ပိုးရေးဌာန 051-304-4725 (မြန်မာတာဝန်ခံ)
<ရာသီဥတုပေါ်မူတည်၍ အချိန်ဇယားပြောင်းနိုင်ပါသည်။
* အဆိုပါနေ့တွင် အာရှယဉ်ကျေးမှုပွဲတော်နှင့် အတူတွဲ ကျင်းပမည်ဖြစ်ပါသည်။