공지사항>အသိပေးစာ

공지사항


၂၀၁၅.၀၉.၂၀ - အခမဲ့ ကျန်းမာရေး စစ်ဆေးခြင်း ၀န်ဆောင်မှု အစီအစဉ် -

조회 1,025

2015-09-01 10:55

အခမဲ့ ကျန်းမာရေး စစ်ဆေးခြင်း ၀န်ဆောင်မှု - အစီအစဉ် လူကြီးမင်းတို့၏ ကျန်းမာရေကို ကူညီစောင့်ရှောက်ပေးပါရစေ ။ ဖူဆန်မြို့ ၊ ဆာဆန်းမြိ့နယ် ဒေသဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဌါနတွင် အကြောင်းကြောင်း တို့ကြောင့် ဆေးရုံဆေးခန်းများသို့ မသွားရောက်နိုင်ကြသော ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ၊ ယဉ်ကျေးမှုစုံညီ အိမ်ထောင်သည် မိသားစုများ အတွက် `အခမဲ့ ကျန်းမာရေး စစ်ဆေးကုသပေးခြင်း´ အား အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ရောဂါစစ်ဆေးရှာဖွေပေးခြင်း နှင့် ကာကွယ်ကုသပေးခြင်းများကိုပါ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသောကြောင့် မိမိတို့၏ ကျန်းမာရေးအတွက် အထူးအလေးထားကာ လာရောက်ကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ နေ့ရက် - ၂၀၁၅ ခုနှစ် ၉ လပိုင်း ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၉း ၃၀ မှ ၁၂း ၃၀ ထိ ။ နေရာ - ဆာဆန်းမြို့နယ် ဒေသဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဌါန ။ စစ်ဆေးမည့် အမျိုးအစား - ၀မ်းဗိုက်အတွင်းပိုင်း ၊ သွားခံတွင်း ၊ မီးယပ်သားဖွား ၊ ကလေးအထူးကု ၊ တိုင်းရင်းဆေး ၊ အရိုးအကျောဆိုင်ရာ ။ (ကာယကံရှင်မှ တောင်းဆိုပါက အဆုပ် (တီဘီ) ရောဂါ အတွက်ပါ ဓါတ်မှန်ရိုက် စစ်ဆေးပေးသည်) စုံစမ်းရန် - 051-304-4725 (BFC) , 051-310-4791 ~ 4 (မြို့နယ်ကျန်းမာရေးဌါန)