MERS HOTLINE လမ်းညွှန်
ဗီဇာမဲ့ နေထိုင်သူများ အနေဖြင့် မိမိတို့၏ အကြောင်းရင်းမှန်များ ပေါ်ပေါက်သွားကာ ဆိုးရွားသော ရလဒ်များနှင့် ကြုံတွေလာရနိုင်သည်ဟူသော စိုးရိမ်စိတ်ဖြင့် MERS ရောဂါ ကူးစက်ခံထားရသည်ဟု့ သံသယ ဖြစ်မိသော်လည်း အပြုသဘောဆန်စွာဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း သို့မဟုတ် ဆေးကုသမှု ခံယူခြင်းများကို မပြုလုပ်ပဲ လျှို့ဝှက်စွာ နေထိုင်နေနိုင်သည့် အနေအထားများ ရှိနေသောကြောင့် ဗီဇာမဲ့ နေထိုင်သူများ ဖြစ်စေကာမူ MERS ရောဂါနှင့် ပါတ်သက်၍ ၄င်းတို့၏ တရားမ၀င်နေထိုင်နေမှုအပေါ် မည်သို့သော် ဆိုးရွားမှု ရလဒ်များ မဖြစ်ပေါ်စေရန် အာမခံချက် အပြည့်ပေးသည်ဟု့ အစိုးရအုပ်ချုပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌါနက ၂၀၁၅ ခုနှစ် ၆ လပိုင်း ၁၅ ရက်နေ့နေ့စွဲဖြင့်
ကြေငြာချက် ထုတ်ပြန်လိုက်သည်။
MERS ရောဂါ ကူးစက်ခံရသည်ဟု့ သံသယရှိသူ မည်သည့် ရွှေ့ပြောင်းနေထိုင်သူများ မဆို (ဗီဇာမဲ့နေထိုင်သူများ အပါအ၀င်) အောက်ပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
MERS HOTLINE
ဖူဆန်မြို့ - MERS HOTLINE 051-888-333
ကျန်းမာရေးဝန်ကြီးဌါန - HOTLINE 109
တရားရေးဝန်ကြီးဌါန - 1345