စတုထ္ထအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမား ကိုရီးယားစကားပြော ပြိုင်ပွဲ
နေ့ရက် - ၂၀၁၆ ခုနှစ် ၁၀ လပိုင်း ၉ ရက် နေ့လည် ၂ နာရီ
နေရာ - ဆာဆန်း အင်တီစတေးရှန်း CATs
ပါဝင်ယှဉ်ပြိုင်မည့်သူများ - ရွှေ့ပြောင်းအလုပ်သမား (ကိုရီးယားနိုင်ငံတွင် ၅ နှစ်အောက် နေထိုင်သူ)
※ သို့သော် ( ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိခဲ့သူများ ပါဝင်ခွင့် မရှိပါ)
ပြိုင်ပွဲဝင်လျှောက်လွှာခေါ်ယူချိန် - ၂၀၁၆ ခုနှစ် ၈ လပိုင်း ၁ ရက် ~ ၉ လပိုင်း ၈ ရက်နေ့ အထိ
လျှောက်လွှာတင်သွင်းပုံ - ဘူဆန်ရွှေ့ပြောင်းအလုပ်သမားကူညီရေး စင်တာသို့ လူကိုယ်တိုင်ဖြစ်စေ
E-mail –
somi3438@gmail.com သို့ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါသည် ။
စုံစမ်းရန် : ၀၅၁) ၃၀၄ - ၄၇၂၁
- ပြိုင်ပွဲဝင်များသည် ၂၀၁၆ ခုနှစ် ၉ လပိုင်း ၈ ရက်နေ့အထိ မိမိတို့ နှစ်သက်သော အကြောင်းအရာ ခေါင်းစဉ်ဖြင့်
(လျှောက်လွှာစာရွက် ၂ မျက်နှာထက်မပိုစေပဲ) လျှောက်လွှာနှင့် အတူ ပေးပို့ရမည် ဖြစ်သည် ။
※ ပြိုင်ပွဲဝင်လျှောက်လွှာပုံစံကို စင်တာဟူမ်းပေ့ခ်ျ (
http://www.bfwc.or.kr/) တွင် ရယူနိုင်ပါသည်။
- ပြိုင်ပွဲဝင်ခွင့် အရွေးချယ်ခံရသူအား ၉ လပိုင်း ၁၃ ရက်နေ့တွင် စင်တာဟူမ်းပေ့ခ်ျတွင် ဖော်ပြပေးပါမည် ။