공지사항>အသိပေးစာ

공지사항


ဒုတိယအကြိမ်မြောက် မျှဝေခြင်း နိဗ္ဗါန်ဈေးပွဲတော်တွင် ပူးပေါင်းပါဝင်လိုသူများအား ဖိတ်ခေါ်ခြင်း ~

조회 1,057

2016-09-07 13:11

ဒုတိယအကြိမ်မြောက် မျှဝေခြင်း နိဗ္ဗါန်ဈေးပွဲတော်တွင် ပူးပေါင်းပါဝင်လိုသူများအား ဖိတ်ခေါ်ခြင်း ~   ♠ ဒုတိယအကြိမ် နိဗ္ဗါန်ဈေးပွဲတော်မှ ဖိတ်ခေါ်ပါသည် ♠ ကျနော်တို့ စင်တာသည် ရွှေ့ပြောင်းအလုပ်သမားများနှင့် ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာပျော်ရွှင်သော လူမှုဘ၀နေထိုင်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ်အဖြစ် နိဗ္ဗါန်ဈေးပွဲတော်ကို ကျင်းပ ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်ပါသည်။   အောက်ဖော်ပြပါ အချက်များနှင့်အညီ နိဗ္ဗါန်ဈေးပွဲတော်အတွင်း အသုံးပြုပြီး ကုန်ပစ္စည်းကောင်များအား ဈေးချိုသာစွာ ရောင်းချပေးမည့် ကိုယ်ပိုင် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ပါသည်။   အောက်တွင် နမူနာပေးထားသည့် လျှောက်လွှာပုံစံတွင် ဖြည့်စွက်ကာ အီးမေးလ်ဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။ ○ လျှောက်ထားသူ ) ရွှေ့ပြောင်းနေထိုင်သူနှင့် မြို့ခံကိုရီးယားလူမျိုးများ ○ နေ့ရက် ) ၂၀၁၆ - ၁၀ - ၁၆  နေ့လည် ၂ နာရီမှ ၅ နာရီထိ ○ နေရာ ) ဆာဆာန်းမြို့နယ် လူနေးရှီတေးကုန်တိုက်ရှေ့ ကွင်းပြင် ○ စုံစမ်းရန် ) ၀၅၁-၃၀၄-၄၇၂၁ (ဂင်မ်အင်ဆွန်း - ပညာရေးနှင့် ယဉ်ကျေးမှုတာဝန်ခံ) ○ လျှောက်လွှာပုံစံ ) 나눔문화축제 벼룩시장(개인)참가신청서 ○ အီးမေးလ်လိပ်စာ ) somi3438@gmail.com ○ လျှောက်လွှာလက်ခံမည့်ကာလ ) ၂၀၁၆ - ၉ - ၆ မှ ၂၀၁၆ - ၁၀ - ၁၀   ရွှေ့ပြောင်းနေထိုင်သူများနှင့် ပြည်သူအများ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ပါသည် ။