공지사항>အသိပေးစာ

공지사항


■ ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်းမာရေး ဆေးစစ်ခြင်း ■

조회 1,110

2017-03-29 11:56

ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်းမာရေး ဆေးစစ်ခြင်း  ◎ နေ့ရက် = ၂၀၁၇ခုနှစ် ၄ လပိုင်း ၃၀ ရက် (တနင်္ဂနွေနေ့) ◎ အချိန်  = မွန်းလွဲ ၂နာရီ မှ ၄နာရီ (နေ့လည် ၁ နာရီ ခွဲတွင် စတင်စာရင်းပေးသွင်းနိုင်ပါသည်) ◎ နေရာ  = အီဂျူမင်းကွာ ဟန်းမ်ကယ် အခမဲ့ ဆေးကုသခန်း ၃ထပ် (၀၅၁ - ၈၀၂ - ၃၄၃၈)           ဘူဆန်မြို့ ဂျင်ဂူ ၊ ဂျွန်ဖို ၂ ဒုံး ၊ ၁၉၃-၉ ဆုံးဂွမ်းအဆောက်အဦး ( မြေအောက်ရထား နံပါတ် ၁လိုင်း ဘူဂျွန်ဘူတာ ထွက်ပေါက် ၂မှ ထွက်၍ လမ်းလျှောက်ပါ) ◎ ဆေးစစ်ခွင့်ရှိသူများ = ရွှေ့ပြောင်းနေထိုင်သူ (နိုင်ငံခြားသား) မည်သူမဆို ◎ပြုလုပ်မည့် စစ်ဆေးမှုများ
  1. သွေးစစ်ခြင်း ( သွေးချို၊ အသားဝါ၊ ဆစ်ပလစ်ပိုး၊ အေ့ခ်ျ ၊ အသည်းရောဂါ)
  2. ဆီးစစ်ခြင်း (ကျောက်ကပ် နှင့် ဆီးချို)
  3. သွေးပေါင်ချိန်ခြင်း
  4. ဓာတ်မှန်ရိုက်ခြင်း (အဆုတ်၊ အသက်ရှူလမ်းကြောင်း)
  5. ခံတွင်းစစ်ဆေးခြင်း
◎ စစ်ဆေးပေးမည့် အဖွဲ့အစည်း = ကိုရီးယါးအဆုတ်ရောဂါတိုက်ဖျက်ရေးအဖွဲ့၊ ဆိုမီ အခမဲ့ဆေးကုသမှု့အဖွဲ့ ※ထိုနေ့တွင် နေ့လည်စာမစား၍ စစ်ဆေးပါက တိကျသေချာသော ဆေးစစ်ချက်ကိုရရှိနိုင်ပါသည်။ (အထူးသဖြင့် ဆီးချိုစစ်ဆေးမည့်သူများ ) ※အချက်အလက်များ စီမံခန့်ခွဲမှုကို “အီဂျူမင်းဂွာဟမ်းကဲ” ဆိုမီမှ ပြုလုပ်ပါမည်။ ဗီဇာ မရှိသော အလုပ်သမားများလည်း စိတ်ချလုံခြုံစွာ ကျန်းမာရေး စစ်ဆေးမှု ခံယူနိုင်ပါသည်။ ※နှစ်ပတ်အကြာ ၅လပိုင်း ၁၄ရက်နေ့တွင် ဆေးစစ်ချက်ရလဒ်ကို သိရှိနိုင်ပါသည်။ စစ်ဆေးပြီးနောက် ဆေးကုသမှုခံယူရန် လိုအပ်ပါက “အီဂျူမင်းဂွာဟမ်းကဲ” ဆေးကုသခန်း နှင့် အခြား ကွန်ယက် ဆက်သွယ်ထားသော  ဆေးရုံများတွင် အခမဲ့ ဆေးကုသမှု ခံယူနိုင်ပါသည်။