공지사항>အသိပေးစာ

공지사항


၁၁ လပိုင်း နယ်လှည့်အကြံပေးခြင်း အစီအစဉ် ~

조회 1,752

2021-11-16 15:34

ဘူဆန်ရွှေ့ပြောင်းနေထိုင်သူများထောက်ပံ့ရေးစင်တာ နယ်လှည့်အကြံပေးခြင်း အစီအစဉ်


ကိုရိုနာ ၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရန် ပိုးသတ်လက်ဆေးရည်ဖြင့် သန့်ရှင်းပြီးနောက် 

တိုင်ပင်ဆွေးနွေးရန်စီစဉ်ဆောင်ရွက်ထားပါသဖြင့် စိတ်ချစွာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

 

လာရောက်ကြသူများအနေဖြင့်လည်း အောက်ပါအချက်များကို သတိထား လိုက်နာကြပါရန်

 မေတ္တာရပ်ခံအပ်ပါသည်။

♥ နှာခေါင်းစည်း တပ်ဆင်လာရပါမည်။ ကိုယ်အပူချိန် တိုင်းခြင်းကို လက်ခံပေးရပါမည်။   

လက်ကို ပိုးသတ်ဆေးရည် ဖြန်းပက်ခံရပါမည်


♥ စိတ်ချလုံခြုံရသည့် အကွာအဝေးဖြင့် လူချင်းခြားနေရပါမည်။


နယ်လှည့်အကြံပေးခြင်း အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နေ့ရက် အချိန် - ၂၀၂၁.၁၁.၂၁ (တနင်္ဂနွေ) နေ့လယ် ၂ နာရီမှ ၅ နာရီ

နေရာ - ဆာဆန်းလူနေးရှီတေးကုန်တိုက်ရှေ့ (ဆာဆန်းဂူ ဂွဲဘို့ဗ်ဒုံး)

အစီအစဉ် - ကိုရိုနာ ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ သတင်းအချက်အလက်မျှဝေခြင်း

ကိုရိုနာ ၁၉ ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများနှင့် ဘာသာပြန်ဆိုထားသော ကာကွယ်နည်းစနစ်များ မျှဝေခြင်း
 

ဘာသာစကား - ဗီယက်နမ်၊ မြန်မာ၊ အင်္ဂလိပ်၊ ကမ်မောဒီးယား၊ နီပေါ၊ ပါကစ္စတန်၊ ကိုရီးယား

ရွှေ့ပြောင်းနေထိုင်သူများ မည်သူမဆို လာရောက်နိုင်ပါသည်။

 

လမ်းညွှန် – ဘတ်စ်ကား ၁၁၀ ၊ ၁၂၃ ၊ ၁၂၆ ၊ ၁၃၈-၁ ၊ ၇၇ (လူနေးရှီးတေးမှတ်တိုင်တွင် ဆင်းပါ)

မြေအောက်ရထားဖြင့် – နံပါတ် ၂ လိုင်း ဆာဆန်းဘူတာတွင် ဆင်းပါ (မီတာ ၅၀၀ အကွာတွင်ရှိ)


♦ စုံစမ်းရန် – ဘူဆန်ရွှေ့ပြောင်းနေထိုင်သူများထောက်ပံ့ရေးစင်တာ ၀၅၁-၃၀၄-၄၇၂၃