공지사항>အသိပေးစာ

공지사항


အန်တီဂျင် အမြန်စစ်ဆေးခြင်း လမ်းညွှန်

조회 233

2022-03-17 13:07

အန်တီဂျင် အမြန်စစ်ဆေးခြင်း လမ်းညွှန်

အန်တီဂျင် အမြန်စစ်ဆေးခြင်း လမ်းညွှန်

 

မတ်လ ၁၄ ရက်မှ တစ်လတာ (မတ်လ ၁၄ရက်~ ဧပြီလ ၁၃ရက်ထိ) 

ပညာရှင်သုံး မြန်ဆန်သော အန်တီဂျင် အမြန်စစ်ဆေးခြင်းဖြင့် ပိုးတွေ့ရှိမှု စစ်ဆေးအတည်ပြုနိုင်ပါသည်။

 

ပိုးတွေ့ရှိမှု စစ်ဆေးအတည်ပြုခြင်း

(က) အရေးပေါ် (PCR) စစ်ဆေးပြီးနောက် ပိုးတွေ့ရှိ အဖြေထွက်သူ

(ခ) ပညာရှင်သုံး အန်တီဂျင် (RAT) အမြန်စစ်ဆေးပြီးနောက် ပိုးတွေ့ရှိ အဖြေထွက်သူ

(ဂ) ရောဂါလက္ခဏာရှိသူ ဆရာဝန်စစ်ချက် ထွက်ရှိပြီးနောက် ပိုးတွေ့ရှိလူနာ

 

အန်တီဂျင် အမြန်စစ်ဆေးခြင်း (RAT)

(က) ကိုယ်တိုင် ဆေးဆိုင်များတွင်  ကိုဗစ်စစ်ကိရိယာ (သာမန်)  ဝယ်ယူ၍ စစ်ဆေးနိုင်သည်။

(ခ) နယ်မြေဆေးရုံတွင် ပညာရှင်သုံး အန်တီဂျင် အမြန်စစ်ဆေးခြင်းကို ခံယူနိုင်ပါသည်။

(ဂ) ကျန်းမာရေးဌါနများတွင် ထပ်တိုး PCR စစ်ဆေးမှု ပြုလုပ်ရန်မလိုပဲ ကုသမှု၊ တိုင်ပင်ဆွေးနွေး၊

 ဆေးစာများကို ချက်ခြင်း ရယူနိုင်ပါသည်။

 

ပညာရှင်သုံး အန်တီဂျင် အမြန်စစ်ဆေးခြင်းအား နိုင်ငံတဝှမ်းရှိ အသက်ရှုလမ်းကြောင်းဆိုင်ရာ

 ဆေးရုံ ဆေးခန်း ၇၅၈၈ ခုတို့တွင် အလွယ်တကူ စစ်ဆေးမှုခံယူနိုင်ပါသည်။ (ဆေးဌါနများစာရင်း)

ဆေးရုံဆေးခန်းများတွင် အန်တီဂျင် အမြန်စစ်ဆေးခြင်း ခံယူပါက အဆိုပါဆေးရုံဆေးခန်းမှ 

သတိထားရမည့် အချက်များနှင့် သီးခြားခွဲနေထိုင်ရမည့် တာဝန်များအား လမ်းညွှန်မှု ရယူကာ 

ချက်ခြင်း လိုက်နာရပါမည်။

 

ကိုဗစ်စစ်ကိရိယာဖြင့် ကိုယ်တိုင်စစ်ဆေးပါက ဝေဒနာ မပြင်းလျှင် ၇ ရက်တာ အိမ်တွင်းကုသမှု ၊

 ဝေဒနာ ပြင်းထန်ပါက ဆေးရုံသို့ ဆက်သွယ်ရပါမည်။

အသက် ၆၀ ကျော် လူနာများဆိုပါက ပညာရှင်သုံး အန်တီဂျင် အမြန်စစ်ဆေးခြင်း ပိုးတွေ့ရှိသည့် 

အဖြေထွက်ပါက သောက်ဆေး (ပါ့စ်လိုဗစ်) ကို ချက်ခြင်း ဆေးစာရယူနိုင်ပါသည်။