ကိုရီးယားအစိုးရမှ
"လူမှုဘဝပြန်လည်ထူထောင်ရေး အသုံးစရိတ်ကူပွန်ငွေ" အား
၇ လပိုင်း ၂၁ ရက်မှ စတင် ထောက်ပံ့ရန် စီစဉ်ထားပါသည်။
 
လက်ခံရရှိနိုင်သူများမှာ ကိုရီးယားနိုင်ငံသား၊ f-5, f-6, နှင့် ခိုလှိုခွင့်ဗီဇာ ကိုင်ဆောင်ထားသူများ ဖြစ်ပါသည်။
 
တဦးလျှင် ဝမ် ၁ သိန်းခွဲမှ စတင်၍ ဝင်ငွေအလိုက် ကွာခြားပါမည်။
 
သတိထားရန်!
"လူမှုဘဝပြန်လည်ထူထောင်ရေး အသုံးစရိတ်ကူပွန်ငွေ" ဆိုင်ရာ လိမ်လည်မှုများ
 

 အစိုးရ သို့မဟုတ် ကတ်ကုမ္ပဏီများသည် ဤကူပွန်အတွက် URL လင့်ခ်ပါရှိသော SMS (စာတို) မပို့ပါ။
 
"သင့်အား ကူပွန်လျှောက်ထားရန် URL (https://...)" ကဲ့သို့သော မသမာသော စာတိုများ ဝင်လာပါက လုံးဝ ဖွင့်မကြည့် မနှိပ်ပါနှင့်။
 
သံသယဖြစ်ဖွယ် လင့်ခ်များ၊ ဖုန်းခေါ်ဆိုမှုများကို ရှောင်ပါ။
 

 သတိပြုရန်
 
အရင်းအမြစ်မရှိသော SMS + URL = လိမ်လည်မှုဖြစ်နိုင်ခြေမြင့်မားသည်။
 
"စမစ်ရှင်း" (Smishing) ဆိုသည်မှာ သင့်ဘဏ်အချက်အလက်များကို ခိုးယူရန် လှည့်စားသော နည်းလမ်းဖြစ်သည်။
 

 အကူအညီလိုပါက
ကူညီဆက်သွယ်ရန် - 한국인터넷진흥원 (KISA) 118
 

 မှတ်ချက် - အစိုးရ၏ တရားဝင်ကူပွန်လျှောက်ထားမှုသည် URL လင့်ခ်မပါဘဲ SMS (သို့) အတည်ပြုစာဖြင့်သာ အသိပေးလာပါမည်။
