공지사항>အသိပေးစာ

공지사항


ကျွမ်းကျင်လုပ်သား နေထိုင်ခွင့် (F-2-6) ဗီဇာ ဖျက်သိမ်းမည့် အစီအစဉ်

조회 796

2019-06-26 14:10

ကျွမ်းကျင်လုပ်သား နေထိုင်ခွင့် (F-2-6) ဗီဇာ ဖျက်သိမ်းမည့် အစီအစဉ် ▣ တရားရေးဌါနသည် ၂၀၁၉.၁၀.၀၁ (အင်္ဂါ) နေ့မှစတင်၍ (F-2-6) ဗီဇာအား ဖျက်သိမ်းပြီး ကျွမ်းကျင်မှု အမှတ်ပေးစနစ် ဗီဇာ (E-7-4) အဖြစ် ပေါင်းစပ်ထည့်သွင်းသွားမည်ဖြစ်ပါသည်။ ※ ၁၀.၀၁ (အင်္ဂါ) နေ့မတိုင်မှီအထိ F-2-6 အနေဖြင့် လျှေက်ထားလာသော ဗီဇာပြောင်းလဲခြင်း များအား အဆိုပါကာလ သတ်မှတ်ချက်အတိုင်း စစ်ဆေးဆုံးဖြတ်သွားမည်ဖြစ်သည်။ ▣ နေထိုင်ခွင့် (F-2-6) ဗီဇာ ကိုင်ဆောင်ထားသူများသည် မူလသတ်မှတ်ထားသည့် နေထိုင်ခွင့်ဗီဇာ ကုန်ဆုံးချိန်အထိနေထိုင်ခွင့်ရှိပြီး ကိုရီးယားနိုင်ငံတွင် ဆက်လက်နေထိုင် လိုပါက အခြား (F-2-99) ဗီဇာမျိုးသို့ ပြောင်းလဲရန် ကိုက်ညီမည့် အချက်အလက်များ ပြင်ဆင်ကာ ဗီဇာသက်တမ်း မကုန်မှီ ဗီဇာပြောင်း လျှောက်ထားရမည်ဖြစ်သည်။ ※ သို့သော် ၁၀.၁ (အင်္ဂါ) နေ့ မတိုင်မှီ F-2-6 ဗီဇာသက်တမ်းတိုး လျှောက်ထားပါက အဆိုပါအချိန် သတ်မှတ်ချက်များ အတိုင်း စစ်ဆေးဆုံးဖြတ်သွားမည်ဖြစ်ပါသည်။