공지사항>အသိပေးစာ

공지사항


တုတ်ကွေး ကာကွယ်ဆေးထိုးနှံခြင်း စာရင်းပေးရန် လမ်းညွှန်

조회 875

2019-10-02 11:00

  တုတ်ကွေး ကာကွယ်ဆေးထိုးနှံခြင်း စာရင်းပေးရန် လမ်းညွှန် ဘူဆန်ရွှေ့ပြောင်းအလုပ်သမားစင်တာနှင့် ဆာဆန်း ကျန်းမာရေးဌါနတို့ ပူးတွဲစီစဉ်သော ရွှေ့ပြောင်းအလုပ်သမားများ နှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အခမဲ့ တုတ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်းအား အောက်ပါအတိုင်း ပြုလုပ်မည် ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။   ထိုးနှံနိုင်သူများ - ရွှေ့ပြောင်းအလုပ်သမား ၊ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀၀ ဦး (ကြိုတင်စာရင်းပေးထားသူ)                   (အသက် ၃ နှစ်အထက်များ စာရင်းပေးသွင်းနိုင်ပါသည်) နေရာ - ဆာဆန်းဂူ ကျန်းမာရေးဌါန စာရင်းပေးသွင်းကာလ - ၂၀၁၉. ၁၀. ၁ ~ ၂၀၁၉. ၁၀. ၂၃ ဆေးထိုးပေးမည့်ရက် - ၂၀၁၉. ၁၀. ၂၇ (နေ့လယ် ၁ နာရီမှ ~ ၅ နာရီအထိ) ဆေးဖိုး - အခမဲ့ စာရင်းပေးသွင်းခြင်း စုံစမ်းရန် - 051-304-4725 လိုအပ်ချက်များ - မိမိဖြစ်ကြောင်း သက်သေ (အိုင်ဒီကဒ် ၊ ပါ့စ်ပို့) နိုင်ငံသား အသက် ၆ လမှ ၁၂ နှစ်ကြား ကလေးများ (၂၀၁၇.၁.၁ ~ ၂၀၁၉.၈.၃၁ ကြား မွေးဖွားသူ) နှင့်     အသက် ၆၅ နှစ်အထက် လူကြီးများ နယ်မြေဆေးရုံများတွင် အခမဲ့ ဆေးထိုးနှံနိုင်ပါသည်။   ( ဆာဆန်း ကျန်းမာရေးဌါနသို့ လမ်းညွှန် ) မြေအောက်ရထား - လိုင်းနံပါတ် ၂ ၊ ဂမ်ဂျွန်ဘူတာ (감전역) ထွက်ပေါက် ၁ မှထွက်၍ ဆာဆန်းဂူချောင်းဖက်သို့ မြို့တွင်းလိုင်းကား - ① ဆာဆန်းဂူချောင်းမှတ်တိုင်တွင်ဆင်းပါ - ကားနံပါတ် 77, 161 ② အခွန်ရုံးမှတ်တိုင် (북부산세무서) - 31, 33, 59-1, 61, 62, 77, 138-1, 160, 161, 169, 186   지도