ဘူဆန်ရွှေ့ပြောင်းအလုပ်သမားအကူအညီပေးရေးစင်တာ
နယ်လှည့်အကြံပေးခြင်းအစီအစဉ်
လူစည်ကားရာ နေရာဒေသဖြစ်နေသာ ဆာဆန်းမြို့ လူနေးရှီတေးကုန်တိုက်အရှေ့တွင်
ဘူဆန် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးစင်တာ၏ အလုပ်သမားရေးရာ
အတိုင်ပင်ခံ ဌါနခွဲ ၀န်ထမ်းများမှ အလုပ်သမားအခွင့်အရေးဆိုင်ရာ အကြံပေးခြင်းများကို
ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဘူဆန်ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေး
စင်တာနှင့် ပါတ်သက်သော အချက်အလက်များကို ဝေငှကြမည် ဖြစ်ပါသည် ။
နေရာ – ဆာဆန်းနယ်မြေ ဂွဲဗော့ဗ်လူနေးရှီတေး ကုန်တိုက်အရှေ့
ဘာသာစကားများ – ဗီယက်နမ် ၊ တရုပ် ၊ အင်္ဂလိပ် ၊ ကမ်မောဒီးယား ၊ နီပေါ ၊ ပါကစ္စတန် ၊ ဘင်္ဂလီ ၊ ကိုရီးယား
အကြံရယူနိုင်မည့် အကြောင်းအရာများ – အလုပ်သမားရေး (လုပ်ခ မရရှိမှု ၊ လုပ်ငန်းခွင်ပြောင်းရွှေ့မှု စသဖြင့်)
အလုပ်သမား အခွင့်အရေး ၊ ဥပဒေဆိုင်ရာ ၊ နေထိုင်ခွင့်ဗီဇာဆိုင်ရာ ၊ နေ့စဉ်လူနေမှုဘ၀ဆိုင်ရာများ
လမ်းညွှန် – ဘတ်စ်ကား ၁၁၀ ၊ ၁၂၃ ၊ ၁၂၆ ၊ ၁၃၈-၁ ၊ ၇၇ (လူနေးရှီးတေးမှတ်တိုင်တွင် ဆင်းပါ)
မြေအောက်ရထားဖြင့် – နံပါတ် ၂ လိုင်း ဆာဆန်းဘူတာတွင် ဆင်းပါ (မီတာ ၅၀၀ အကွာတွင်ရှိ)
♦ စုံစမ်းရန် – ဘူဆန်ရွှေ့ပြောင်းအလုပ်သမားကူညီရေးစင်တာ ၀၅၁-၃၀၄-၄၇၂၃
♦ အေးမြလတ်ဆတ်သော ဖျော်ရည်အအေးများနှင့် ဧည့်ခံမည်ဖြစ်ပါသဖြင့်
ကြွရောက်ကြဖို့ ဖိတ်ပါသည်♦
နေ့ရက် နှင့် အချိန်
နေ့ရက် |
အချိန် |
နေရာ |
၁၁ လပိုင်း ၁၇ ရက် (တနင်္ဂနွေနေ့) |
နေ့လည် ၂ နာရီ ~ ၅ နာရီ |
ဆာဆန်းလူနေးရှီတေးကုန်တိုက်ရှေ့ |